လ - နိုဝင်ဘာ 2016

Test page

this is for testing

View Profile

[rbc_profiles]

Login

[rbc_profiles_login]

Register

[rbc_profiles_registration]

သင်ရော ဘယ်လိုလဲ

မိတ်ဆွေများက မိသားစုနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အစဉ်အလာအကြောင်းများ ဝေငှနေသည်ကို အမ်မလီတစ်ယောက် နားထောင်နေသည်။ ‘‘ကျွန်မတို့က အခန်းထဲမှာ လှည့်ပတ်သွားကြပြီး ဘာအတွက် ဘုရားသခင်ကို ကျေးဇူးတင်သလဲဆိုတာ ပြောပြကြ တယ်’’ ဟု ဂါရီ က ဆိုသည်။
အခြားမိတ်ဆွေတစ်ဦးကလည်း မိသားစုကျေးဇူးတော်
ချီးမွမ်းခြင်းညစာစားပွဲလုပ်ပြီး  ဆုတောင်းကြကြောင်း၊သူ့ဖခင် မကွယ်လွန်မီက ခံစားရသည့်ရောဂါကြောင့် စိတ်ဖောက် သည့်ဝေဒနာခံစားရသော်လည်း ဘုရားသခင်ကို ကျေးဇူးတင် ကြောင်း သူ့ဆုတောင်းချက်က ရှင်းလင်းပီပြင်လှသည်ဟု ဆိုသည်။ ‘‘ကျေးဇူးတော်ချီးမွမ်းခြင်းကာလက ကျွန်တော်တို့ မိသားစုတွေ အတူတစ်ကွ သီချင်းဆိုချီးမွမ်းတဲ့ အထူးအချိန် ဖြစ်တယ်။ အဘွားဆိုရင် သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ဆိုနေတော့တယ်’’ ဟု ရဲန်ဒီက ဝေငှသည်။ အမ်မလီမှာ သူ့မိသားစုကိုတွေးရင်း ၀မ်းနည်းစိတ်နှင့်အတူ မနာလို စိတ်များတိုးဝင်လာသည်။ ‘‘ကိုယ်တွေကျတော့ ကြက်ဆင်သားစား၊ တီဗွီကြည့်တာပဲ။
ဘုရားအကြောင်းမပြော၊ကျေးဇူးတော်လည်းမချီးမွမ်း’’ဟု သူညည်းတွားမိသည်။
ချက်ခြင်းဆိုသလို သူ့စိတ်ဓာတ်ကို သူဘ၀င်မကျဖြစ်သွားသည်။ ‘‘မင်းက…

စွန့်လွှတ်ပေးဆပ်သော ယုံကြည်ခြင်း

တနင်္ဂနွေညနေခင်းအချိန်တွင် ကျွန်မခင်ပွန်းသင်းအုပ်ဆရာအဖြစ် အစေခံသော အသင်းတော်အနီးရှိ ကျွန်မတို့အိမ်ပန်းခြံထဲ၌ ထိုင်နေရင်း Farsi ဘာသာစကားဖြင့် သီဆိုချီးမွမ်းကိုးကွယ်ခြင်း သီချင်းသံမှာ လေနှင့်အတူလွင့်မျောလာသည်။ လန်ဒန်မြို့ရှိ ကျွန်မတို့၏အသင်းတော်၌ တက်ကြွသော အီရန်လူမျိုး တပည့်တော်စုအား ဧည့်အသင်းတော်အဖြစ် လက်ခံဝတ်ပြုစေခဲ့ပြီး၊ သူတို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် အကြောင်းများ၊ သူတို့သင်းအုပ် ဆရာကြီး၏ညီမှာ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ ရသည့် အကြောင်းများ ဝေငှ ပြောပြ သည်။ ခရစ်တော် အတွက် သူတို့၏စိတ်အားထက်သန်မှုကို ကျွန်မတို့စိတ်၌ အလွန်    ထိတွေ့ခဲ့သည်။ ဤသစ္စာရှိသော ယုံကြည်သူများသည် ပထမဦးဆုံးသော ခရစ်ယာန်မာတုရဖြစ်သည့် သတေဖန်၏ ခြေရာအတိုင်း လိုက်လျှောက်ခြင်းဖြစ်သည်။
ကနဦးအသင်းတော်၌ ဦးဆောင်သူအဖြစ် ဦးဆုံး ခန့်အပ်ခံရသည့် သတေဖန်သည် ‘‘ကြီးစွာသော နိမိတ် လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို’’ (တ ၆း၈) ပြုလုပ်သည့် အတွက် ယေရုရှလင်မြို့၌လူများ၏အာရုံစိုက်မှုကို ခံရသည်။ သူ၏လုပ်ရပ်အတွက် ခုခံပြောဆိုရန်…

ကောင်းကင်ကို ကြည့်ရှုသူ

လုပ်ငန်းခွင်မှကိစ္စများ၊ အိမ်တွင်းရေးအမှုကိစ္စများကြောင့် မတည်မငြိမ်ဖြစ်ကာ မက် တစ်ယောက် လမ်းလျှောက်ထွက်ခဲ့သည်။ နွေဦးညချမ်းလေပြေလေးက သာသာ ယာယာနှင့် လက်ယပ်ခေါ်နေသည်။ အဆုံးစမဲ့ကောင်းကင်ကြီးက အပြာရောင်မှ မဲမှောင် သွားစဉ် စိမ့်တောပေါ်သို့ မြူမှုန်များသိပ်သည်းစွာ တဖြည်းဖြည်းကျဆင်းလာသည်။ အရှေ့အရပ်မှပေါ်ထွက်လာမည့် လမင်းကြီး၏ရှေ့ပြေးအဖြစ် ကြယ်များလည်း စတင်ပြီး မှုန်ဝါးဝါး လင်းလက်လာသည်။ မက်အတွက် ထိုအခိုက်အတန့်လေးတွင် နက်ရှိုင်းစွာ ၀ိညာဉ်ခွန်အား ရခဲ့သည်။ "ကိုယ်တော် ရှိတယ်။ ဘုရားသခင် အဲဒီမှာရှိနေတယ်။ ငါ့ကိစ္စတွေကို ကိုယ်တော် သိနေတယ်" ဟု မက် တွေးတောဆင်ခြင်မိသည်။
လူအချို့က ညကောင်းကင်ကိုကြည့်ပြီး သဘာဝ တရားမှလွဲ၍ အခြားဘာကိုမှ မမြင်။ အခြားသူများကလည်း ဘုရားကို လွန်စွာဝေးသောအရပ်၌ရှိပြီး ဂျူပီတာဂြိုဟ် ကဲ့သို့ အေးစက်စက်ဟု မြင်ကြသည်။ သို့သော် "မြေကြီးစက် အပေါ်မှာထိုင်"တော်မူသော ဘုရားသခင်သည် ကြယ်အစုအဝေး"အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူသော" (ဟေရှာ ၄၀း၂၂၊၂၆)…

အကန့်အသတ်မထား စည်းမခြားသောချစ်မေတ္တာ

၁၉၀၀ပြည့်နှစ် တရုတ်ပြည် Boxer တော်လှန်ရေးကာလအတွင်း သာသနာပြုများ သည် T'ai Yüan Fu ရှိ ဂေဟာ၌ ပိတ်မိနေခဲ့သည်။ သူတို့ကိုသတ်ဖြတ်ရန် အော်ဟစ်ကြွေးကြော်နေသည့် လူအုပ်အတွင်းဖြတ်ပြေးခြင်းသာ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်အကူအညီဖြင့် အန္တရာယ်မှ သူတို့လွတ်မြောက်ခဲ့သည်။ သို့သော် ဒဏ်ရာရကျောင်းသူ   နှစ်ဦးမှာ မလွတ်မြောက်နိုင်ကြောင်း Edith Coombs  သတိပြုမိလိုက်ပြီး အန္တရာယ် စက်ကွင်းထဲ ပြန်ဝင်ခဲ့သည်။ ကျောင်းသူတစ်ဦးကို ကယ်နိုင်ခဲ့သော်လည်း ကျန်တစ်ဦးကို ကယ်ရန်အသွား ခလုတ်တိုက်လဲပြီး ထိုနေရာတွင်ပင် အသတ်ခံလိုက်ရသည်။
ထိုအတောအတွင်း Hsin Chou နယ်ရှိ သာသနာပြု များမှာမူ သူတို့၏တရုတ်လူမျိုးမိတ်ဆွေ Ho Tsuen Kwei ၏ အဖော်ပြုမှုဖြင့် လွတ်မြောက်သွားကြပြီး တောနယ်လေး၌ ပုန်းအောင်းနေရသည်။ သို့သော် Ho Tsuen…

အပေါ်ယံ

လူများက သူ့ကိုချစ်ခင်လာအောင် ကာရီ အစွမ်းကုန်ကြိုးစားသည်။  အခြားသူများ သူ့ကို သတိထားမိပြီး ပျော်ပျော်နေတတ်သည့် စိတ်ထားအတွက် သူ့ကို ချီးမွမ်းအောင် ပျော်ပျော်နေသည့်ပုံပေါ်အောင် သူပြုမူသည်။ သို့သော် ပွင့်လင်းမြင်သာသော အခိုက်အတန့်တွင် ကာရီ က "ကျွန်မ သခင်ဘုရားကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်မရဲ့အသက်တာက အပေါ်ယံပဲ ဖြစ်နေတယ်လို့ ခံစား
ရတယ်" ဟု ၀န်ခံပြောပြသည်။ တစ်ပါးသူများ သူ့ကို အကောင်းမြင်အောင်  ကြိုးစားအားထုတ်ရင်း နောက်ကွယ်၌ စိတ်မလုံမလဲ ဖြစ်နေသည်။ "ဒါကို ဆက်ထိန်းပြီး ဒီလို နေသွားဖို့ အားမရှိတော့ဘူး" ဟု သူပြောပြသည်။
စုံလင်ပြည့်ဝသော စိတ်ထားရှိရန် မဖြစ်နိုင်၊ ကျွန်ုပ်တို့လည်း တစ်နည်းနည်းဖြင့် ထိုသို့ခံစားရနိုင်သည်။   သခင်ဘုရားနှင့် တစ်ပါးသူများကို ကျွန်ုပ်တို့ ချစ်သည်။ သို့သော် ခရစ်ယာန်အသက်တာကို ရှင်သန်နေထိုင်ရာတွင် ကျွန်ုပ်တို့၏စိတ်ထားက တစ်ခါတစ်ရံ၌ မိမိကို…